လ - ဇွန် 2026

ဘုရားသခင်ထံတော်မှ လက်ခံရရှိခြင်း

စာရေးဆရာ Napoleon Hill(နပိုလီယံ ဟေးလ်)၏ Think and Grow Rich စာအုပ်တွင် “မင်းရဲ့စိတ်က စိတ်ကူးယုံကြည်နိုင်တဲ့ အရာမှန်သမျှကို အောင်မြင်ဆွတ်ခူးနိုင်တယ်”ဟု ဆိုခဲ့သည်။ ဟေးလ်၏ကိုးကားချက်က ကြိုးစားလျှင် မျှော်မှန်းသည်ထက် အဆများစွာ အိပ်မက်များကို အကောင်အထည်ဖော်နိုင်သည်ဟူသော အမေရိကန်အိပ်မက်(American Dream)ကို ပေါ်လွင်စေပါသည်။

ကြိုးစားအားထုတ်မှုသည် လောက၌ အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ သမ္မာကျမ်းစာရှိ ကျမ်းပိုဒ်များစွာ (အထူးသဖြင့် သုတ္တံကျမ်း)တွင် ထိုအချက်များကို ဆက်စပ်ဖော်ပြထားသည်။ သို့သော် အရွယ်ရောက်လာသည်နှင့်အမျှ ဟေးလ် ၏ အတွေးအခေါ်များကို ခံယူကိုင်စွဲခြင်း၌ရှိသည့် တကယ့်အန္တရာယ်ကိုလည်း ကျွန်ုပ်မြင်လာသည်။ မိမိ၏ ပန်းတိုင်သို့ရောက်အောင် မရမက ကြိုးစားမှုများသည် ဘုရားသခင်ကို အမှီမပြုဘဲ မိမိကိုယ်ကိုသာ အာရုံစိုက်၍ ကြိုးပမ်းမှုများ ဖြစ်သွားနိုင်သည်။

ဂလာတိဩဝါဒစာ ၅ တွင် ရှင်ပေါလုက “ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲ နေကြလိမ့်မည်”…

အသက်လမ်း

သူ့ကို ၁၈၆၀ ပြည့်လွန်နှစ်များတွင် ကျွန်တစ်ဦးအဖြစ် မွေးဖွားခဲ့သည်။ ချူချာသော ကလေးငယ်ဖြစ်သဖြင့် သူ့ကို မြင်းတစ်ကောင်၏တန်ဖိုးဖြင့် ကျွန်ပိုင်ရှင်တစ်ဦးထံ ရောင်းချခဲ့သည်။ သူဆယ်ကျော်သက်အရွယ်၌ လူဖြူတစ်စုက လူမည်းတစ်ဦးအား သတ်ဖြတ်သည်ကို မြင်တွေ့ခဲ့သည်။ မှတ်သားစရာမှာ သူသည် ကျောင်းစာတွင် ထူးချွန်ခဲ့သည်။ သို့သော် ခဲန်ဆက်ပြည်နယ်၊ ဟိုင်းလဲန် တက္ကသိုလ်သို့ လျှောက်ထားရာ၊ အသားအရောင်ကြောင့် ငြင်းပယ်ခံခဲ့ရသည်။ ထိုအမှုအရာများကြားမှပင် ထိုလူငယ်သည် ဘုရားသခင်အပေါ် နက်နဲသောယုံကြည်ခြင်းရှိခဲ့သည်။ George Washington Carver (ဂျော့ဂျ် ဝါရှင်တန် ကာဗာ)၏ ဘဝလက်စွဲကျမ်းချက်မှာ “သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏ လမ်းခရီးတို့ကို ပြုပြင်တော်မူမည်”ဟူသည့် (သု ၃:၆)ပင် ဖြစ်သည်။

တစ်ခါတစ်ရံ မိမိတို့ကြုံတွေ့နေရသော အခြေအနေများကြောင့် ကျွန်ုပ်တို့စိတ်ဒုက္ခရောက်သည်။ နှောင့်နှေးမှုများ ကြုံရသည်။ ဘယ်သွားရမှန်း မသိဘဲ လမ်းပျောက်နေတတ်သည်။ သို့သော် သုတ္တံကျမ်းက “ထာဝရဘုရားကို…

ဘုရားသခင်၌ ခိုလှုံခြင်း

လေဟာပြင် တေးဂီတဖျော်ဖြေပွဲ စတင်သည်နှင့်တစ်ပြိုင်နက် ကျွန်မ၏ပါးပြင်ပေါ် သို့ မိုးစက်ကျလာသည်ကို ခံစားလိုက်ရ၍ အပေါ်သို့မော့ကြည့်လိုက်ရာ ကြောက်မက်ဖွယ် မိုးတိမ်မည်းကြီးများကို မြင်လိုက်ရသည်။ သို့သော် လက်မှတ်ကို ဈေးကြီးပေးဝယ်ထားရသဖြင့် ရာသီဥတုအနည်းငယ်ဆိုးရုံနှင့် ကျွန်မ မပြန်ချင်သေးပေ။ ထိုအချိန်တွင် ထီးများ တစ်လက်ပြီးတစ်လက် ပွင့်လာသည်။ အမျိုးသမီး တစ်ဦးမှာမူ ပလတ်စတစ်အိတ်တစ်လုံးကို ခေါင်းတွင် စွပ်လိုက်သည်။ နားကွဲမတတ် မိုးခြိမ်းသံတစ်ချက် ကြားလိုက်ရချိန်တွင်မူ ဖျော်ဖြေသူက မိုက်ခရိုဖုန်းကိုဆွဲ၍ တစ်နေရာရာတွင် ခိုလှုံကြပါရန် တိုက်တွန်းတောင်းပန်တော့သည်။

မိုးသည်းထန်စွာရွာချသဖြင့် ကျွန်မတို့မှာ ရွှံ့ဗွက်အိုင်များကို ကူးပြီး၊ အနီးရှိ ကျောင်းအားကစားရုံထဲသို့ အပြေးအလွှား ဝင်ခဲ့ကြသည်။ မိုးရေစိုရွှဲလျက်ပင် သူစိမ်းများနှင့်အတူ နာရီဝက်ခန့် စုရုံးနေခဲ့ကြပြီး မုန်တိုင်းစဲသွားလိမ့်မည်ဟု ကျွန်မမျှော်လင့်မိသည်။ ကျွန်မတို့အပြင်သို့ ပြန်ထွက်လာချိန်တွင်မူ တေးဂီတအဖွဲ့သည် ပစ္စည်းများသိမ်းဆည်းပြီး ထွက်ခွာရန် အသင့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဘဝမုန်တိုင်းများ တိုက်ခတ်လာသောအခါ ကျွန်မတို့ မည်သည့်နေရာသို့ ပြေးကြမည်နည်း။…

ဤကဲ့သို့သော မိတ်ဆွေများနှင့်

“နင့်အကြောင်းကို နင့်ထက်တောင် ငါက ပိုသိသေး!”ဟူ၍ လူငယ်ဘဝက မိတ်ဆွေတစ်ဦး၏ယုံကြည်မှုအပြည့်ဖြင့် ထိုသို့ပြောသံကို ကျွန်တော် ကြားခဲ့ရဖူးသည်။ အပြုသဘောပြောခြင်းဖြစ်၍ ကောင်းပါသည်။ သို့သော် သာသနာပြုဆရာ၏မွေးစားသား ကျွန်တော့်၏ရှုပ်ထွေးလှသည့်ဘဝကို ကမ္ဘာ့တိုက်ကြီး လေးတိုက်နှင့် ယဉ်ကျေးမှုမျိုးစုံက ပုံသွင်းပေးခဲ့သည်။ စင်စစ် ကျွန်တော့်အကြောင်းကို သူမသိပါ။

ယောဘ၏မိတ်ဆွေတစ်ဦးဖြစ်သော ဇောဖာသည် ယောဘ၏ဒုက္ခများကို သုံးသပ်ရာတွင် ပညာရှိပုံ ပေါက်နေခဲ့သည်။ “ဘုရားသခင်၏ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ မိုးကောင်းကင်ကို မီသည်ဖြစ်၍ သင်သည် အဘယ်သို့ပြုနိုင်သနည်း”(ယောဘ ၁၁:၇-၈)ဟု သူမေးခဲ့သည်။ ၎င်းကို မည်သူမျှ မငြင်းနိုင်။ သို့သော် သည့်နောက်တွင် ဇောဖာသည် သူကိုယ်တိုင် မသိနိုင်သော ယောဘ၏စိတ်နှလုံးအကြောင်းကို ဝံ့ဝံ့စားစား ပြောဆိုခဲ့သည်။ အထောက်အထားမရှိဘဲနှင့် “သင်ပြုသောဒုစရိုက်ကိုပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်... အညစ် အကြေးနှင့်ကင်းလွတ်သောမျက်နှာကို ပြရလိမ့်မည်။ စိုးရိမ်စရာအကြောင်းမရှိ၊ တည်ကြည်လိမ့်မည်”(:၁၄-၁၅)ဟု သူဆိုခဲ့သည်။

ယောဘက ဇောဖာနည်းတူ…

သန့်ရှင်းရာလမ်း

ဂျဲနီဖာသည် အသက်အရွယ်မတိုင်မီ မှတ်ဉာဏ်ချို့ယွင်းသည့် ဒီမင်းရှားရောဂါ စတင်ခံစားနေရကြောင်း သိရှိပြီးနောက်၊ သူမသည် ကျမ်းစာမဖတ်နိုင်တော့သဖြင့် အော်ဒီယို ကျမ်းစာကို စတင်နားထောင်ခဲ့ပြီး၊ ကျမ်းစာချက်များသည် သူမအတွက် အဓိပ္ပာယ်သစ်ကို ဆောင်ကြဉ်းပေးခဲ့သည်။ ဥပမာအားဖြင့်၊ သူမသည် လမ်းခဏခဏ ပျောက်တတ်ပြီး၊ လူများကို မမှတ်မိတော့သလို တောရိုင်းတိရစ္ဆာန်များမရှိဘဲ ရှိသည်အထင်နှင့် စိတ်အာရုံချောက်ခြားနေသည်။ ထိုသို့ စိတ်ရှုပ်ထွေးပြီး ကြောက်ရွံ့နေချိန်တွင်၊ ဟေရှာယအနာဂတ္တိကျမ်းမှ “ထိုအရပ်၌ လမ်းမကြီးရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ ... သွားသောသူတို့နှင့်အတူ ကိုယ်တော်တိုင် ခရီးသွားလျက်ရှိတော်မူသည်ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွဲရ။ ရွေးနုတ်သောသူတို့သာလျှင် ခရီးသွားကြလိမ့်မည်”(ဟေရှာ ၃၅:၈- ၉) ဟူသည့်ကျမ်းချက်ကို ကြားရသောအခါ ဘုရားသခင်၏ နှစ်သိမ့်သက်သာစေခြင်းကို ခံစားရသည်။

ပရောဖက်ဟေရှာယသည် မိမိတို့၏နေရင်းပြည်မှ ဖမ်းဆီးခေါ်ဆောင်ခံရသော သူ၏လူမျိုးတို့အား ဘုရားသခင်၏ ကတိတော်များကို ဝေမျှခဲ့သည်။ ဘုရား၏မျက်မှောက်တော်ကို ခံစားရမည့် ဗိမာန်တော်နှင့် ဝေးကွာနေရသဖြင့် သူတို့သည်…